Hope is life.. You aren't alive unless hope. You are crazy for something according to a strong hoping. And it forces to implement. So, it can take you to your goals. (Myo Htet (Ayar))
Hope is an optimistic attitude of mind based on
an expectation of positive outcomes related to events and circumstances in
one's life or the world at large. (Wikipedia)
မျှော်လင့်ချက်သည် အရာရာကို ပြောင်းလဲနိုင်၏။ ထို့ ပြင် မနက်ဖြန်များကို
ဖန်တီးနိုင်၏ ။ တနည်းအားဖြင့် မျှော်လင့်ချက်ဟာ အဓိပ္ပါယ်ရှိတဲ့ ဘ၀တစ်ခု ရှိလာဖို့ နဲ့ ရပ်တည်ဖို
့ရာ ခိုင်မာတဲ့ အကြောင်းပြချက် (၀ါ) ယုံကြည်ချက်လည်း ဖြစ်ပါတယ် ။ အောင်မြင်ကျော်ကြားတဲ့
ပညာရှင်ကြီးများဟာ တနေ့ မှာ အောင်မြင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ 
အကြိမ်ဖန်များစွာ ကြိုးစားခဲ့လို့ ပါ။ တီတွင်ကြံဆမှု၊ ကြိုးစားမှုတို့ ကျရှုံးချိန်တိုင်း
မျှော်လင့်ချက်ကို ဆက်ထိန်းထားခဲ့လို့ သာ အောင်မြင်မှုအလီလီကို ဆွတ်ခူးနိုင်ခဲ့ကြရတာ
ဖြစ်ပါတယ်။ ကျရှုံးမှုကို Failure is just another way to learn how to do something
right (ကျရှုံးမှုဆိုတာ အောင်မြင်ဖို့  အခြားနည်းလမ်းကို သင်ယူခိုင်းလိုက်တာပါပဲ) လို
့ Marian Wright Edelman က ဆိုခဲ့တာပါ။ ကျန်တဲ့အရာတွေ ဆုံးရှုံးသွားသည့်တိုင်
မျှော်လင့်ချက်ကိုတော့ ဘယ်တော့မှ မဆုံးရှုံးပါစေနဲ့ ။
မျှော်လင့်ချက်ဆုံးရှုံးသွားရင်တော့ ဘ၀မှာ အရာရာဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်
စာရေးသူတို့ ဟာ ငယ်စဉ်ကနေ ယနေ့ ထိ မျှော်လင့်ချက်ပေါင်းများစွာနဲ့  ရှင်သန်လာခဲ့ကြတာပါ။
ဘယ်နေ့ ဆိုရင်တော့ အိမ်က ဘာဝယ်ပေးမှာပဲ ။ အရွယ်ရောက်လာတော့ ဘယ်နေ့ ဆိုရင်
ဘာလုပ်နိုင်တော့မှာပဲ စတဲ့ မျှော်လင့်ချက်တွေနဲ့  မနက်ဖြန်ပေါင်းများစွာကို မနေ့ က
ပေါင်းများစွာ အဖြစ် ပြောင်းလဲလာခဲ့ကြတာပါ။
မျှော်လင့်ချက် နှင့်
အပြောင်းအလဲ ( Hope and Change)
If
you cannot change your hope, you have to change your action. လိုအပ်ရင် မျှော်လင့်ချက်
ပြောင်းရင်ပြောင်းပါ မပြောင်းနိုင်ရင် ပြောင်းလုပ်ပါ။
ဒီနေရာမှာ ကိုယ်မလုပ်နိုင်တဲ့
မျှော်လင့်ချက်ဆိုရင်တော့ ပြောင်းလဲပစ်နိုင်ရပါမယ်။ တလွဲဆံပင်ကောင်းနေ ရင်တော့
အချိန်ကုန်လူပန်း လိုရာရောက်ဖို့  ဝေးနေဦးပါလိမ့်မယ်။ စာရေးသူဆို ငယ်စဉ်က ကြီးလာရင် ဘောလုံးသမားကြီး
ဖြစ်ချင်တယ်။ လုပ်ရင် မဖြစ်ဘူးလား ဖြစ်တာပေါ့။ သို့ ပေမယ့် ဘ၀ပေးအခြေအနေဖြစ်တဲ့ ကျောင်းစာမှာ
အထိုက်အလျောက် ထူးချွန်ပြီဖြစ်နေတဲ့အတွက် မိမိပညာရေး ၊ မိသားစုရေး တို့ နဲ့ 
အလုပ်တစ်ခုရဖို့ က အရေးကြီးဆုံး ဖြစ်လာပါတယ်။ ဒီအချိန်မှာ ဘာဖြစ်သွားလဲ ဘောလုံးသမားဖြစ်ဖို
့ဆိုတဲ့ မျှော်လင့်ချက်ကို ပညာတတ်ဖြစ်ဖို့၊ ၀င်ငွေတိုးဖို့ ဆိုတဲ့ မျှော်လင့်ချက်အဖြစ်
ပြောင်းလဲ လိုက်ရပါတယ်။ ကျွန်တော်တို့  ဟာ ရှေ့ ကိုသွားဖို့ ရာ ကိုယ်လက်ရှိရောက်နေ
့တဲ့ နေရာကိုလည်း ပြန်ကြည့်ဖို့ လိုပါတယ်။ တစ်နေ့  (၅)နာရီ၊ (၆)လောက်
ဘောလုံးကစားနေရတဲ့ ဘောလုံးသမား တစ်ယောက်ဟာ တစ်နေ့ မှာ ထူးချွန်တဲ့ကစားသမားတစ်ယောက်ဖြစ်ဖို
့က သူ့ မျှော်လင့်ချက်ဖြစ်ပါတယ်။ ကျွန်တော်က အဲအချိန်က ကျောင်းစာကိုပဲ (၅)
နာရီလောက် လုပ်နေတာလေ။ ဒါကို ကျွန်တော်တို့ မလုပ်နိုင်ပဲနဲ့ တော့
သွားမျှော်လင့်လို့  မရပါဘူး။ အဲလိုမှ မဟုတ်ဘူး စာရေးသူဟာ ဘောလုံးသမားဖြစ်ကို
ဖြစ်ရမယ်ဆိုရင်တော့ လွန်ခဲ့တဲ့နှစ်များစွာကတည်းက သူကစားသလို လိုက်ကစားမှ
ရပါလိမ့်မယ်။ အဲဒီအချိန်မှာ ပညာရေး နှင့် မိသားစုရေးကိုတော့ ထည့်စဉ်းစားလို့ 
မရနိုင်တော့ပါဘူး။ ။
Keep on hoping…….
မျှော်လင့်ချက် ဆက်ထားပါ
No comments:
Post a Comment