ဆရာဇော်ဂျီ၏ လမ်းပြကဗျာ
This is a famous poem of Sir Zaw Gyi. He is one of the greatest poets in Myanmar. In this poem, he leaves many messages for us. We are human beings. So we will be aged firstly and we will hurt and die finally. So he wants us to support to develop our literature, our country , our religion before we die.
Myo Htet
Life is learning.
▼
Thursday, February 11, 2016
Learn, Act , Prepare (သင်ယူပါ..လုပ်ဆောင်ပါ...ပြင်ဆင်ပါ)
အတိတ်က သင်ယူပါ လက်ရှိဆောင်ရွက်ပါ အနာဂတ်အတွက် ပြင်ဆင်ပါ
Learn from Past, Act now, Prepare for Future
ရှေးပညာရှိတို့ က
"ဘ၀" ကို သင်ယူခြင်း (Learning)ဟု အဓိပ္ပါယ် ဖွင့်ခဲ့ကြသည် ။ မှန်ပေသည်။
လူတိုင်းလူတိုင်း အတွက် တစ်ဘ၀တာဆရာတစ်ဆူ ရှိနေလေသည်။ စာဖတ်သူမိတ်ဆွေ သတိထား မိပါ
သလော ။ သူ့ ကြောင့်ပင် စာရေးသူအပါအ၀င် အားလုံးသည် ရင့်ကျက်လာခဲ့ရသည်။ အသက် တစ်ရက်
ထက် တစ်ရက်ကြီးလာလေ သူ့ ၏ သင်ခန်းစာတို့ က မရိုးနိုင်အောင် တိုးပွားလာလျက်
။ သူသည်ကား အခြားမဟုတ် ဘ၀သင်ခန်းစာတို့ ကို မရိုးနိုင်အောင် ပို
့ချပေးနေသည့် လောကဓံသည်ပင် ။ သူထံတွင် ထူးခြားမှု တစ်ခုရှိ နေသည်။ သူသည်
ဘ၀သင်ခန်းစာတို့ ကို ၄င်းထံမှ သင်ယူလိုစိတ်ရှိသူတို့ ကိုသာ ပို့ ချ တတ်၏။
သင်ယူစိတ် မရှိသူတို့ ထံ ဒုက္ခအနေဖြင့်သာ အလည်လာလျက် သင်ခန်းစာမပေးပဲ ပြန်သွား
တတ်လေ၏။
သို့ ဖြစ်ပေရာ ဦးစွာ သင်ယူတတ်သူကောင်း ဖြစ်ပါစေ။ ထိုအခါ လောကဓံထံမှ
များစွာသော သင်ခန်း စာတို့ ကို မိတ်ဆွေ သင်ရရှိနိုင်ပါပြီ။ ဒီနေရာမှာ
ဘယ်လိုသင်ယူရမလဲ မေးစရာရှိပါတယ်။ လူတိုင်း လိုလို ပြီးခဲ့တဲ့
မိမိအောင်မြင်မှုတွေကိုသာ အမှတ်ရပြီး ရှုံးနိမ့်မှုတွေကနေ သင်ယူဖို့  မေ့လျော့နေ
တတ်ကြပါတယ် ဒါ့ ကြောင့် John C. Maxwell က Sometimes you win, sometimes you learn.
လို့ ဆို ခဲ့တာပါ။ ရှုံးနိမ့်မှုတွေကနေ သင်ယူဖို့ မေ့လျော့တာဟာ အလားတူ
ရှုံးနိမ့်မှုတွေကို ထပ်ဖြစ်စေ လို့ ပါပဲ။ ကုန်လွန်သွားတဲ့အချိန်ကို
ပြန်မရနိုင်ပေမယ့် ၄င်းထံက များစွာ သင်ယူလိုက်နိုင်ပါတယ်။ ထို့ ကြောင့်
ကုန်လွန်သွားသောအချိန် (မနေ့ ကပေါင်းများစွာ)မှ သင်ယူတတ်ပါစေ။
လက်ရှိအချိန်သည် အကောင်းဆုံးအချိန်ဖြစ်ပေသည်။ နောက်လှမ်းမည့် ခြေလှမ်းများသည် အခုကန ဦး
ခြေလှမ်းများအပေါ် မှီခိုနေပေသည်။ ယခုခြေချော်ပါက နောက်ခြေတစ်လှမ်းသည်
ရှိလာမည်မဟုတ်။ အသစ်ပြန်ထ ပြန်လှမ်းရဦးပေမည်။ တနည်းအားဖြင့် အနာဂတ်ဟူသည် ပစ္စုပ္ပန်၏လားရာပင် မဟုတ်ပါလော။ သို
့ဖြစ်ပါ၍ ဒီနေ့ ပဲ လောကဓံ ဟူသမျှ အကောင်းဆုံး ရင်ဆိုင်လိုက်ပါ။
" ကြိုတင်ပြင်ဆင် အောင်ပွဲဝင်" ၊ " ပွဲမ၀င်မှီ အပြင်ကကျင်းပ"
စသည်တို့ သည် ရှေးပညာရှိတို့ ၏ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ရန် သတိပေးမှုများပင်။ အသက်ရှင်နေသမျှ
မနက်ဖြန်ပေါင်းများစွာကို ဖြတ်သန်းရဦးမည် မဟုတ်ပါလော မိတ်ဆွေ။ သို့ ဖြစ်ပါ၍ အနာဂတ်ဖြစ်တဲ့မနက်ဖြန်တိုင်း အတွက် အကောင်းဆုံး ပြင်ဆင်တတ်ပါစေ။ ယခုအခါ တချို့ ကုမ္ပဏီတွေဆိုရင် ညနေပိုင်းတွေမှာ နောက်တစ်နေ့ အတွက် ကြိုတင်လုပ်ငန်း ညှိနှိုင်းစည်းဝေးတွေ ကျင်းပနေကြပြီဖြစ်ပါတယ်။ ဒါဟာ Successful organization with good integration ဖြစ်လာရတဲ့ အဓိက အကြောင်းအရင်းတစ်ခုလည်း ဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုသော် စာရေးသူအထက်တွင် ပြောခဲ့သည့်၊ လူတိုင်းလိုပင် ပြောကြသည့်
ပစ္စုပ္ပန် သည် အကောင်းဆုံး ဆိုသည့်အတိုင်း ဒီနေ့ ပဲ သင်ယူလိုက်ပါ ရင်ဆိုင်လိုက်ပါ
ပြင်ဆင်လိုက်ပါ မိတ်ဆွေ............
မျိုးထက်
Life is learning.